တာချီလိတ် ၁၅ ဒီဇင်ဘာ 

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တခွင် အထိမ်းအမှတ် စက်ဘီးစီးနင်းပွဲ အစီအစဉ်ကို မြန်မာနှင့်ထိုင်းနိုင်ငံမှ စက်ဘီးသမားများ ပူးပေါင်းကာ စက်ဘီးစီးနင်းခြင်းကို ယနေ့ နံနက် ၇ နာရီက ရှမ်းရိုးမကွင်းမှ ကျိုင်းတုံမြို့သို့ စတင်ထွက်ခွာခဲ့သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ စက်ဘီးသမား (၆၀)ကျော်နှင့် ထိုင်းနိုင်ငံအရပ်ရပ်မှ စက်ဘီးသမား (၇၀)ခန့်ပါဝင်သော စက်ဘီးစီးအဖွဲ့သည် တာချီလိတ်မှ ကျိုင်းတုံမြို့သို့ စီးနင်းကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက်တွင် တာချီလိတ်မြို့သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း သိရသည်။

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တခွင် အထိမ်းအမှတ် စက်ဘီးစီးနင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံ့ဆိုင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မိုင်းယန်း၊ မိုင်းခတ်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အား/ကာ ညွန်ကြားရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။

စက်ဘီးစီးနင်းခြင်း စတင်တာထွက်ခြင်းကို စည်ပင်သာယာရေးဝန်ကြီးမှ ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးနှင့်အဖွဲ့သည် စက်ဘီးစီးအဖွဲ့များနှင့်အတူ စက်ဘီးစီးနင်းကာ တာချီလိတ်မြို့အဝင်မုခ်ဦးသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)