နောင်ချို   ၂၂   ဇွန် 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP )အရ အားကစားပြိုင်ပွဲများ (ဖူဆယ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်၊ ကျောင်းအခြေပြု မီနီမာရသွန်)ပြိုင်ပွဲ၊ ဖွင့်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို နောင်ချိုမြိုနယ်၊ မျက်ချင်းနု ကျေးရွာအုပ်စု၊ နမ့်ဆောင်ဟူးကျေးရွာ အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်ပြည်နယ်အားကစားနှင့် ကာယပညာရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်နိုင်ကြောင်း ဆေးလိပ်ငွေ့ ကင်းစင် ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ အားကစားကွင်းများဖြစ်လာဖို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက်အားကစားအဖွဲ့များမှ အားကစားသစ္စာ အဓိဋ္ဌာန် (၄)ချက်ကို ရွတ်ဆိုကာ ဝန်ကြီးနှင့်အဖွဲ့သည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံအားပေးခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က  တာဝန်ရှိသူများထံ အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။ 

 

ဆက်လက်၍ ဇွန်လ (၂၂)ရက်နေ့ နံနက် (၅)နာရီအချိန်၌ ရှမ်းပြည်နယ်ဝန်းကြီးများနှင့်အဖွဲ့သည် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP ) အရ ဆေးလိပ်ကင်းစင် ရှမ်းပြည်တစ်ခွင် မီနီမာရသွန်ပြိုင်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်ပြည်နယ်အားကစားနှင့် ကာယပညာရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့မှ သေနတ်ဖောက်တာလွှတ်ခဲ့သည်။ အဆိုပါပြိုင်ပွဲ၌ ဆုရရှိသော မီနီမာရသွန်ပြိုင်ပွဲဝင် ကျောင်းသား/သူ(ထက်၊ လယ်၊ မူ) များအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ကျန်ရှိနေသောပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသော ပြိုင်ပွဲဝင် အသင်းများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။

 

MDN