လွိုင်ကော် ၃၀ ဒီဇင်ဘာ

 

ဆေးလိပ်ကင်းစင် လွိုင်ကော်မြို့တော်တစ်ခွင် ဟူသော ဆောင်ပုဒ်နှင့်အညီ လွိုင်ကော်မြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး အသိပေးရှင်းလင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

 

 ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ဆေးလိပ် နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ်စဉ်လူဦးရေ () သန်းကျော် သေဆုံးနေပြီး (.) သန်း ကျော်သည် ဆေးလိပ်/ဆေးရွက်ကြီးမသုံးစွဲသော်လည်း အခြားသူများ၏သုံးစွဲမှုကြောင့် ရောဂါဖြစ်ပွား သေဆုံး နေရပါကြောင်း၊ စစ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် မြန်မာ နိုင်ငံတွင် (.)ထရီလီယံ ဆုံးရှုံးနေပြီး၊ ယင်းပမာဏသည် GDP (.) ရာခိုင်နှုန်းဖြစ် ပါကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို (၂၀၀၆) ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့ကြောင်း၊ ယင်းကဏ္ဍများ အသက်ဝင် လာစေရေးအတွက် ဌာန၊ အစိုးရတို့ ပူးပေါင်း၍ ကြိုးပမ်းရ မည်ဖြစ်ပါကြောင်း၊ ဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရန် ၂၀၁၁ ခုနှစ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့ပါ ကြောင်း၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးအဖွဲ့ ထိန်းချုပ်ရေးအဖွဲ့များကို ပြည်နယ်အဆင့်အဖွဲ့များကို လည်း ဖွဲ့စည်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယနေ့ ပြုလုပ်မည့် သင်တန်း၌ ဥပဒေပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း၊ တက်ရောက် လာကြသူများက သင့်လျော်သည့် လုပ်ငန်းစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်လိုအပ်ပြီး ပြည်သူများအနေနှင့် ကျန်းမာရေး အသိရှိစွာဖြင့် ပူးပေါင်းကြပြီး ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းအောင် ကြိုးပမ်းစေလိုကြောင်း၊ ပြည်သူလူထုအတွင်း ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်း၏ ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ ပြည်နယ်အစိုးရအနေနှင့် လိုအပ်သည်များကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ မှ ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း များ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်သင့်သည့် အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ စီမံဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း  အသီးသီး ဆွေးနွေးတင်ပြကြသည်။

 

လွိုင်ကော်မြို့တော်တစ်ခွင် လွိုင်ကော်မြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေးနှင့် အများပြည်သူအား အသိပညာပေးခြင်း သင်တန်းကို လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် ဒီဇင်ဘာလ(၃၀)ရက်နေ့မှ (၃၁)ရက်နေ့ထိ ( ) ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လွိုင်ကော်သား