နေပြည်တော်  ၂၆  ဖေဖော်ဝါရီ

 

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန်နှင့် ဂျပန်နိုင်ငံ Okayama University Graduate School of Medicine, Dentistry and Pharmaceutical Sciences တို့ ပူးပေါင်း၍ ဆေးလက်တွေ့ သုတေသန လုပ်ငန်းရပ်များ ပြုလုပ်ခြင်းနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ (International Clinical Research Designing Workshop) ကို ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၆ ရက်အထိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - ရန်ကုန်၊ ဇမ္ဗူရာဇ်ရွှေစင်ခန်းမ၌ ကျင်းပရာ ပြည်ပပညာရှင် (၃) ဦးက ပို့ချဆွေးနွေး၍ သင်ကြားရေး ဆရာ/ဆရာမ (၃၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မောင်မောင်မျိုး