ကျောက်ထု  ၁၃  ဇူလိုင်

ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့ဒေသတွင် ဆေးဖက်ဝင် ရှားစောင်းလက်ပတ်ပင်များ မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ဖြစ်ထွန်းအောင်မြင်မှုရှိကြောင်း သိရသည်။

ရှားစောင်းလက်ပတ်ပင်ကို အသုံးပြုရာတွင် အရွက်များကို ခူးယူလျက် အခွံခွာ၍ အနှစ်များကို မန်ကျည်းသီး ထန်းလျက်တို့အပြင် ပရဆေးများဖြင့် ရောစပ်ကြိုချက်ပြီး အအေးခံ၍  ဆီး၊ဝမ်း၊ အရေပြား ရောဂါထိခိုက်ရှနာနှင့် မီးလောင်ဒဏ်ရာများတွင် အထူးအသုံးပြုထားသော ဆေးအဖြစ် အသုံးပြုကြ ကြောင်း သိရသည်။

ရှားစောင်းလက်ပတ်ဆေးတစ်ပိဿာလျှင် ငွေကျပ်တစ်သောင်းဖြင့် ရောင်းချလျက်ရှိရာ ဈေးကွက်ရှိလာသည်နှင့်အမျှ တိုးချဲ့စိုက်ပျိုးကြရန် ဆောင်ရွက်လျက်ရှိသည်။

ရှားစောင်းလက်ပတ်ပင်များကို မိမိကိုယ်တိုင်စိုက်ပျိုးရုံမကဘဲ အခြားဒေသခံများကလည်း စိုက်ပျိုးနိုင်ရန် စိုက်ပျိုးသူ ဂုံဘိုရပ်ကွက်မှ ဦးဝေမင်းဖြိုးက အပင်မျိုးများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

မောဟေမာန် (ပြန်ဆက်)