ဟိုပုံး ၁၄ နို၀င်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် နို၀င်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီက (၉၉)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်(အကြို) မူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပခဲ့သည်။
ကလေးများဆေးရောင်ခြယ်သခြင်းဖြင့် လက်ရေးလက်သားပိုမိုလှပလာစေခြင်း၊ အမြင်နှင့် လက်လှုပ်ရှားမှုကို ပေါင်းစည်းပေးခြင်း၊ ကလေးများ စိတ်အပန်းဖြေသလို စိတ်ရှည်သည်းခံ တတ်စေလိုခြင်း၊ အရုံစူးစိုက်မှုအားကောင်းလာစေခြင်း၊ အရောင်များရွေးချယ်အသုံးပြုတတ်ခြင်း၊ လက်ချောင်းများဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေခြင်း၊ ခံစားချက်ကိုဖော်ထုတ်တတ်ခြင်း၊ ဝေဖန်ပိုင်းခြားသုံးသပ်နိုင်ခြင်းနှင့် ကလေးများဉာဏ်ရည်ဖွံ့ဖြိုးစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာအောင် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်း ပြန်/ဆက်ဦးစီးဌာနမှူး ဒေါ်နန်းခမ်းခြူးမှ ပြောကြားသည်။
ထို့နောက် ဇွဲမူလတန်းကြိုကျောင်းမှ ကလေး(၂၁)ဦးက ဆေးရောင်ခြယ်ခြင်းနှင့် မီးပုံးပုံစံ စက္ကူခေါက်ခြင်းများကို ပျော်ရွင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်/ဆက်ဦးစီးမှူးမှ အမှတ်တရလက်ဆောင်အဖြစ် ဆေးရောင်ခြယ်စာအုပ်များ၊ ပဲနို့နှင့်အာဟာရမုန့်များတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


