နေပြည်တော် ၂၆ စက်တင်ဘာ
ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ၏ ဆေးရုံစွမ်းဆောင်ရည် အညွှန်းကိန်းရလဒ်များပြန်လည်ဆန်းစစ်ဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မန်းမြန်မာဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက အမှာစကားပြောကြားပြီး ဗဟိုအဆင့် ဆေးရုံကြီးများ၊တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆေးရုံကြီးများနှင့်မြို့နယ်ဆေးရုံများမှ တင်ပြလာသော အညွှန်းကိန်းများ၏ အားသာချက်၊ အားနည်းချက်များကိုကုသရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးရန်နှင့်အရည်အသွေးပြည့်ဝသောကျန်းမာရေးစောင့်ရှောက်မှုများ၊ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် သတင်းအချက် အလက် အညွှန်းကိန်းများကိုအသုံးပြု၍ လုပ်ငန်းခွင် နှင့် မူဝါဒပိုင်းဆိုင်ရာများတွင် ညှိနှိုင်းဆောင်ရွက်ကြမည်ဖြစ်သည်။
(သတင်းစဉ်)


