ရန်ကုန် ၉ ဇွန် 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနသို့ Irrawaddy Green Towers Ltd မှ 200 KVA မီးစက်၊ ဆက်စပ်ပစ္စည်းများနှင့် ငွေကျပ်(၁၅)သိန်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ 


ပေးအပ်လှူဒါန်းပွဲတွင် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက အမှာစကား ပြောကြားပြီး အလှူရှင် Irrawaddy Green Towers Ltd မှ CEO Mr. David Venn က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ အလှူရှင် Irrawaddy Green Towers Ltdမှ CEO Mr. David Venn နှင့် တာဝန်ရှိသူများက 200 KVA မီးစက်၊ ဆက်စပ်ပစ္စည်းများနှင့် ငွေကျပ် (၁၅) သိန်းကို ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။


ယနေ့လှူဒါန်းပွဲတွင် Irrawaddy Green Towers Ltd မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနတွင် အသုံးပြုရန် ငွေကျပ် (၄၀၈၃၅၄၀၀) တန်ဖိုးရှိ 200 KVA 200 KVA မီးစက်၊ ဆက်စပ်ပစ္စည်းများနှင့် ဆေးသုတေသနဦးစီးဌာန National COVID-19 Call Centre နှင့် Laboratory Team တို့မှ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် အစားအစာနှင့် အထွေထွေ ကုန်ကျစရိတ်များအတွက် ငွေကျပ် (၁၅) သိန်းကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


မင်းသစ်(MNA)/ ဓာတ်ပုံ-ဇော်မင်းလတ်)