ကန်ကြီးထောင့်   ၁၆  ဇန်နဝါရီ 


ပြည်သူများ ဆင်ခြေထောက်ရောဂါမှ ကင်းဝေးစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဆင်ခြေထောက် ရောဂါကာကွယ်ဆေးများကို ဇန်နဝါရီ ၂၂ ရက်မှ စတင်ကာ ဆေးတိုက်အဖွဲ့ ၈၁၁ ဖွဲ့ဖြင့် အိမ်တိုင်ရာရောက် အခမဲ့ လိုက်လံတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဌာနမှ ဦးဆောင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက် ၇ ခုနှင့် ကျေးရွာပေါင်း ၃၈၈ ရွာ လူဦးရေ ၁၇၁၀၃၃ ဦးကို ဇန်နဝါရီ ၂၂ ရက်မှ ၃၁ ရက်အထိ မီးသတ်၊ ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးမှ တာဝန်ရှိသူများ၊ NGO များ ပါဝင်သော ဆေးတိုက်အဖွဲ့ ၈၁၁ ဖွဲ့ဖြင့် အိမ်တိုင်ရာရောက် လိုက်လံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆေးတိုက်ကျွေးပေး အစီအစဉ်ဖြင့် ပတ်သက်ပြီး အသိပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၁၅ရက် မွန်းလွဲ ၁နာရီက ဧရာသီရိသုခခန်းမ၌ ကျင်းပခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုအဆင့်(၁) ဦးမျိုးညွန့်အောင်က ဆင်ခြေထောက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရွက်ရမည့်အချက်များကို အသိပေး ရှင်းလင်း ဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။


နန်းထိုက် (KGD)