တောင်ကြီး       ဇွန်       ၁၄

 

Orientation  for   Foundation  Year (5/2022) သင်တန်းဖွင့်ပွဲကို ဇွန် ၁၄ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ဆေးတက္ကသိုလ် တောင်ကြီးချယ်ရီ ဘက်စုံခန်းမ၌ ကျင်းပသည်။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပညာရည်ချွန်ဆု ရရှိသည့် ကျောင်းသား ကျောင်းသူများ အမှတ်အများဆုံးရရှိသူကို ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးတက္ကသိုလ်(တောင်ကြီး)မှ မွေးထုတ် ပေးလိုက်မည့် ဆရာဝန်အလောင်းအလျာများသည် နိုင်ငံအကျိုးပြု သားကောင်းရတနာဖြစ်အောင် အားလုံး အတူ ပူးပေါင်းပါဝင် ကြိုးစားပေးကြရန်” ပြောကြားသည်။

 

ဆက်လက်၍ ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာလှမြင့်ဝင်းက ဆေးတက္ကသိုလ် (တောင်ကြီး)နှင့် ပတ်သက်၍လည်းကောင်း၊ ဓာတုဗေဒဌာနမှ ကထိက/ဌာနမှူး ဒေါက်တာအုန်းကြည်က Foundation  Year ဆေးပညာအခြေခံနှစ်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ ခန္ဓာဗေဒဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာဇောဇော်လတ်က integrated Curriculum အကြောင်းကိုလည်းကောင်း၊ ဆေးပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာအောင်ကျော်သူက Clinical Management နှင့်ပတ်သက်၍လည်းကောင်း အသီးသီးတင်ပြကြသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပညာသင်ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းကို ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာလှမြင့်ဝင်းက လက်ခံရယူပြီး ပညာရည်ချွန်ဆု ရရှိသော ကျောင်းသား ကျောင်းသူများကို ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ ကျပ် တစ်သိန်းစီ ချီးမြှင့်ပေးအပ်ကာ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)