ဆေးတက္ကသိုလ်(မန္တလေး) သို့ ကျောင်းသား၊ ကျောင်းသူ ၃၃၆ ဦး တက်ရောက်ခွင့်ရရှိ

မန္တလေး နိုဝင်ဘာ ၁၇

 

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲများဖြင့်အောင်မြင်ပြီး ဆေးတက္ကသိုလ်(မန္တလေး)တွင် ဖွင့်လှစ်သင်ကြားမည့် ပထမနှစ် ဆေးပညာသင်တန်း (၁၂/၂၀၁၇)သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများစာရင်းကို ယနေ့ ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား(၁၆၈)ဦး၊ ကျောင်းသူ(၁၆၈)ဦး၊ စုစုပေါင်း(၃၃၆)ဦး တက်ရောက်သင်ကြားခွင့်ရရှိကြောင်း သိရသည်။

 

အဆိုပါဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းဝင်ခွင့်လျှောက်လွှာများကို နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ အမျိုးသမီးနားနေခန်း၊ ပင်မဆောင်အောက်ထပ်တွင် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် နောက်မကျစေဘဲ အချိန်မီတင်သွင်းရမည်ဖြစ်ကာ ဒီဇင်ဘာလ ၄ ရက်(တနင်္လာနေ့)တွင် သင်တန်းစတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်၏ ကြေညာချက်များအရ သိရသည်။ 

 

တင်မောင် မန်းကိုယ်ပွား