နိုဝင်ဘာ ၃၀
အမေရိကန်ဆေးဝါးကုမ္ပဏီဖိုက်ဇာ၏ အကြီးအကဲဖြစ်သူက ၎င်းတို့ကုမ္ပဏီအနေဖြင့် အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ်ကို အနည်းဆုံးရက်ပေါင်း ၁၀၀အတွင်း ရရှိနိုင်သည်ဟုဆိုသည်။
ဖိုက်ဇာကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် အယ်လ်ဘတ်ဘော်လာက ယမန်နေ့က အမေရိကန်ရုပ်မြင်သံကြား တွေ့ဆုံးမေးမြန်းခန်းတစ်ခုတွင် မှတ်ချက်ပြု ပြောကြားသည်။
လက်ရှိကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကဘေးကင်းလုံခြုံမှုနည်းပါးပါက ဖိုက်ဇာအနေဖြင့် ကာကွယ်ဆေးအသစ် ထုတ်လုပ်ရန်လိုအပ်သည်ဟု ဘော်လာကဆိုသည်။
ဖိုက်ဇာကုမ္ပဏီက ထိုကာကွယ်ဆေးအသစ်ကို စတင်ထုတ်လုပ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဘီတာနှင့်ဒယ်လ်တာဗီဇပြောင်းကာကွယ်ဆေးများကို ထုတ်လုပ်ပြီးဖြစ်သော်လည်း မူလထုတ်လုပ်ထားသော ကာကွယ်ဆေးက အကျိုးသက်ရောက်မှုရှိနေဆဲဖြစ်သောကြောင့် အသုံးပြုခြင်းမရှိခဲ့ဟု စီအီးအိုကဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို