ရန်ကုန် ဧပြီ ၁၁
CHID Bank ၏ အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) တွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ သတ်မှတ်ပမာဏပြည့်မီအောင် စုဆောင်းထားရှိသူများအနေဖြင့် မြိုပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက ရောင်းချမည့် အောင်မြင့်မိုရ်အိမ်ရာရှိ အခန်း ၁၀၄ ခန်းကို အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း အဆိုပါဘဏ်က အသိပေးထားသည်။
ထိုသို့ ဝယ်ယူရန်အတွက် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန၏ “DUHD Sale Housing” Facebook Page Messenger တွင် အဆိုပြု စာရင်းပေးသွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။
၂၀၂၃ခု ဒီဇင်ဘာလ ၃၁ရက်အထိ အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) တွင် သတ်မှတ်ပမာဏ ပြည့်မီစွာ စုဆောင်းထားရှိသူများအား ပြည့်မီသည့် ရက်စွဲအလိုက် တန်းစီ ဇယားအမှတ်စဉ် (Seniority List) ကို "DUHD Sale Housing" Facebook Page တွင် ပူးတွဲဖော်ပြထားကာ ရောင်းချမည့်အိမ်ရာ၏ အချက်အလက်များနှင့် စာရင်းပေးသွင်းရမည့်အစီအစဉ်ကိုလည်း အဆိုပါ Facebook Page တွင် ဖော်ပြထားသည်။ အခန်းဝယ်ယူလိုကြောင်း အဆိုပြုစာရင်းပေးသွင်းပြီးပါက တန်းစီဇယားအမှတ်စဉ် (Seniority List) အလိုက် ဝယ်ယူခွင့်ရရှိသူများ၏ စာရင်းကို မြိုပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ ပြန်လည်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို စာရင်းပေးသွင်းရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက မြိုပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ဖုန်း ၀၆၇ ၃၄၀ ၇၅၂၇ ၊ ၀၉ ၇၉၅ ၈၂၄ ၇၂၂ နှင့် CHID Bank ၏ ဖုန်း ၀၁ ၈၃၇ ၀၁၂၄ ၊ ၀၁ ၈၃၇ ၀၁၂၅ နှ င့် Call Center ဖုန်း ၀၉ ၄၀၁ ၀၁၀ ၈၁၀ ၊ ၀၉ ၄၀၁ ၀၁၀ ၈၂၀ တိုကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း အသိပေးထားသည်။
MT