ရေတာရှည် ၁၁ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့မြောက်ဘက် ၄ မိုင်ခန့်အကွာ သပြေတန်းကျေးရွာအနီးတွင် ဆီဘောက်ဆာယာဉ် တစ်စီး အရှိန်လွန်ကာ ကားလမ်းဘေးကပ်လျက်ရှိ ဈေးဆိုင်နှင့် သစ်ပင်အား ဝင်တိုက်မိခဲ့ပြီး လမ်းအနောက်ဘက်ရှိ ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့မြောက်ဘက် ၄ မိုင်ခန့်အကွာ သပြေတန်းကျေးရွာ ရန်ကုန်-မန္တလေး ကားလမ်း တံတားအနီး လမ်းအနောက်ဘက်ကပ်လျက်ရှိ ဈေးဆိုင်နေအိမ်နှင့် သစ်ပင်အား ဧပြီ ၁၁ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က ဆီဘောက်ဆာယာဉ်မှ အရှိန်ဝင်တိုက်မိခဲ့ပြီး လမ်းအနောက်ဘက် ချောင်းထဲသို့ ထိုးကျတိမ်းမှောက် သွားခဲ့ရာ နေအိမ်အတွင်းရှိနေသည့် အမျိုးသမီးတစ်ဦး ယာဉ်ပိသေဆုံး၍ တစ်ဦး(စိုးရိမ်ရ)ဒါဏ်ရာများရရှိခဲ့သည်။
ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ မြင့်ဦး ၄၁ နှစ်၊ မြိုင် YGN-6I/------JAC ၂၂ ဘီး ဆီဘောက်ဆာယာဉ်သည် မိုင်တိုင် ၁၈၄/၃ နှင့် ၄ ကြားအရောက် ယာဉ်မောင်းအိပ်ငိုက်ကာ ကားလမ်း အနောက်ဘက်ရှိ ဒေါ်ခင်းဝင်းရည် ၄၇ နှစ်၊ သပြေတန်းကျေးရွာနေသူ၏ ဈေးဆိုင်နေအိမ် နှင့်သစ်ပင်အား ဝင်တိုက်မိပြီး လမ်းအနောက်ဘက် ချောက်အတွင်းသို့ထိုးကျ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ဈေးဆိုင်အတွင်းရှိနေသော ဒေါ်ခင်းဝင်းရီနှင့် ချွေးမဖြစ်သူ မဝါဝါခိုင် ၂၀ နှင့် ကလေးငယ်တို့မှာ ယာဉ်နှင့်အတူပါသွားခဲ့ရာ ဒေါ်ခင်ဝင်းရီ တွင်(စိုရိမ်ရ)ဒဏ်ရာများနှင့် မဝါဝါခိုင်မှာ ယာဉ်ပိသေဆုံးသွားခဲ့ပြီး ကလေးငယ်မှာ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ကိုလွင်(ဆွာ)
