နေပြည်တော် ၁၂ ဇန်နဝါရီ
ဆီဆိုင်မြို့နယ်၊ ထမ့်ယန်းကျေးရွာ အရှေ့တောင်ဘက် ၃ မိုင်ခန့် အကွာ၌ ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီက အမြင့်(၂)ပေခန့်ရှိ ဘိန်းစိုက်ခင်း ၁၈ ဧကအား ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးပူးပေါင်းအဖွဲ့မှ လည်းကောင်း၊ ဟိုပုံးမြို့နယ်၊ ဒုံကောင်းကျေးရွာ၌ အမြင့်(၁)ပေခန့်ရှိ ဘိန်းစိုက်ခင်း ၂၇ ဧကအား လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် ကောင်းပျက်(၂)ရွာအနီး၌ အမြင့်(၂)ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း ၅ ဒသမ ၅ ဧကအား လည်းကောင်း ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN