ဆီဆိုင်၊ မိုင်းယန်း၊ ပင်လောင်းနှင့် ဝိုင်းမော်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း  ၆၅ ဒသမ၅ ဧက ဖျက်ဆီး

နေပြည်တော်   ၂၇    ဒီဇင်ဘာ

 

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၆ ရက် က ဆီဆိုင်မြို့နယ်၊ ထီဒေးကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၁၉ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

 

အလားတူ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မိုင်းယန်းမြို့နယ်၊ ပုံလုံကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ဝ ဒသမ ၅ ဧကခန့်၊ ပင်လောင်းမြို့နယ်၊ ဒုံလီမန်းကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၉ ဧက ခန့်၊ ထီယွန်းကျေးရွာ၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၂၁ ဧကခန့်နှင့် ဝိုင်းမော်မြို့နယ်၊ တာကြားဟော့ ကျေးရွာ အနီး၌ အမြင့် ၆ လက်မခန့်ရှိ ဘိန်းခင်းစုစုပေါင်း ၁၆ ဧကခန့်တို့အား သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များမှ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား

 

mdn