ဆီဆိုင် ဒီဇင်ဘာ ၂၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်တားဆီးနိုင်ရန်အတွက် ဆီဆိုင်မြို့၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိ (RDT) Tesk Kit ဖြင့် စစ်ဆေးပေးခြင်းကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီခန့်က အဆိုပါကျောင်း၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ အခမဲ့သွားရောက်စစ်ဆေးပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့ ပူပေါင်းကာ ဆီဆိုင်မြို့၊ အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းရှိ ဆရာမ ၄ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၄၀ တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးခဲ့ရာ ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၂ ဦးတို့တွင် ပိုးတွေ့ရှိသဖြင့် ကုသဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့နဲ့ထိတွေ့သည့် မိသားစုဝင် ၇ ဦးတို့ကို ထပ်မံစစ်ဆေးကြည့်ရာ ရောဂါပိုးမတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

 

မျိုးမြတ်(ဆီဆိုင်)