ဆီဆိုင် ၊  ၅    ဒီဇင်ဘာ 

 

ဆီဆိုင်မြို့ရှိ ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စု လမ်းမကြီးဘေးရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့်မြေနေရာကို ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး  ဦးထွန်းအောင်ကျော်နှင့် အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် တာဝန်ရှိသူများ က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ယခုတည်ဆောင်မည့် ဆီဆိုင်မြို့ရှိ ဝန်ထမ်းအိမ်ရာသည် အလျား ၆၁ ဒသမ ၅ ပေ၊ အနံ ၅၁ ပေရှိ  (၄)ခန်းတွဲ (၄)ထပ် အဆောက်အအုံဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ ကျပ်သန်း (၃၀၀ ဒသမ ၄၀)ဖြင့် Million Effect Company မှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)