ရှမ်းပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဥပဒေဆိုင်ရာ အထောက်အကူပေးရာတွင်   ဥပဒေအရာ၌ မျှတမှုနှင့် တန်းတူညီမျှမှု အခွင့်အရေးများ ရရှိစေရန်အတွက် ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ရှမ်းပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင်အောင်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။

ဟောပြောပွဲသို့ ရှမ်းပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်သီ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်း အင်းအား ၂၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)