ဆီဆိုင်    ၁၆   ဒီဇင်ဘာ           

 

ကျေးရွာအုပ်စုအတွင်းရှိ စီ/ထောက်ကော်မတီကျေးရွာများ၏ ဦးစားပေးသော အခြေခံ အဆောက်အဦနှင့် ကျေးရွာအုပ်စုထောက်ပံ့ငွေများ ချမှတ်ခြင်းတို့အတွက် ဆွေးနွေးမှုများ ညှိနှိုင်းမှု များနှင့် သဘောတူညီမှုများရရှိစေရန်၊ ကျေးရွာအုပ်စုဖွံ့ဖြိုးရေးအစီအစဉ် ထွက်ပေါ်လာစေရန်၊ အမျိုးသမီးများ ပါဝင်ရန်နှင့် စီမံကိန်းလုပ်ငန်းခွဲရွေးချယ်ရာတွင် အမျိုးသမီးများ ထည့်တွက်သည့် လုပ်ငန်းခွဲများ ပါဝင်မှုရှိရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)တွင် ရှမ်းပြည်နယ် (တောင် ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအုပ်စု၊ ထမ့်ယမ်း (ပေါ်) ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ကျေးရွာအုပ်စု အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြောင်း လူထုဗဟိုပြုစီမံကိန်းရုံးမှ သိရသည်။

 

ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအုပ်စုတွင် ကျေးရွာ(၁၇)ရွာရှိပြီး စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း (၁၃၀ဝ)ရရှိကာ အဆိုပါ စီမံကိန်းထောက်ပံ့ငွေဖြင့်(စတုတ္ထနှစ်စက်ဝန်း)တွင် ကျေးရွာ(၈) ရွာမှ စီမံကိန်း လုပ်ငန်းခွဲ(၈)ခုဖြစ်သည့် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း၊ ဘက်စုံသုံးကျေးရွာခန်းမဆောင်၊ ရေရရှိရေး လုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တက်ရောက်လာသည့် ကျေးရွာ ကော်မတီ များမှ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ကျေးရွာအုပ်စုစီ/ထောက်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီနှင့် ကျေးရွာအုပ်စု ဝေဖန် အကြံပြု ကော်မတီများကို ပြန်လည်သုံးသပ်ရွေးချယ်ဖွဲ့စည်းခြင်း၊ ကော်မတီဝင်များအတွက် စီမံကိန်း အင်္ကျီ၊ ဦးထုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ Mercycorps မှ ဦးကျော်သောင်း(NPA)နှင့် လူထုဗဟိုပြုစီမံကိန်းမှ CFs,TFs, DRD,TTAs များ နားခိုက်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၁၇)ရွာမှ စီမံကိန်းအထောက် အကူပြု ဥက္ကဋ္ဌ များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)