ဆီဆိုင် ဧပြီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ကျေးရွာများရှိ ကျေးလက်နေ ပြည်သူများ နွေရာသီကာလ သောက်သုံးရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများ၏ ဖုန်းနံပါတ်များသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်၍ အကူအညီများ တောင်းခံနိုင်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နွေရာသီကာလအတွင်း သောက်သုံးရေပြတ်လပ်မှုများနှင့် ကြုံတွေ့လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း (ဝ၉-၄၂၂၂၈၉၀၁၅)နှင့် ဝန်ထမ်းများဖြစ်သော ဒေါ်နွေးနွေးအောင်(ဝ၉-၄၃၁၆၃၂၀၃)၊ ဒေါ်ထက်ထက်ဝင်းဖေ(ဝ၉-၄၂၈၃၂၃၄၇၃)၊ ဦးအောင်နိုင်(ဝ၉-၇၈၁၁၉၃၄၅၉)၊ ဦးချမ်းငြိမ်းမိုး(ဝ၉-၆၉၂၁၉၆၅၁၂)တို့ထံ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်နိုင်ဝင်းက ပြောသည်။ ဆက်သွယ်ရန် ဖုန်းနံပါတ်များအပြင် Viber နှင့် Facebook Messenger အကောင့် အမည်များကိုပါ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်း၌ ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃ အုပ်စုရှိပြီး ကျေးရွာပေါင်း ၃၂၂ ရွာခန့်ရှိကာ ကျေးရွာများတွင် သောက်သုံးရေရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် အကူအညီပေးရန် စီစဉ်ဆောင်ရွက် နေသကဲ့သို့ ရေအလှူရှင်များကလည်း လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ကျေးရွာ (၉)ရွာ၊ ရေဂါလန်ပေါင်း(၈၀ဝ၀)ခန့် လှူဒါန်းပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းထံမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


