mdn

ဆီဆိုင်   အောက်တိုဘာ   ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် အရေးပေါ်လူနာများအား အောက်ဆီဂျင်အရေးပေါ် လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် စေတနာရှင်၊ အလှူရှင်၊ ပြည်သူများ စုပေါင်းလှူဒါန်းသော အောက်ဆီဂျင်စက်မှာ ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက်အတွင်း၌ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက  စတင်တပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ 

ယခုတပ်ဆင်သည့် အောက်ဆီဂျင်စက်သည် 5Nm3/hr အမျိုးအစားဖြစ်ပြီး ကာလတန်ဖိုးမှာ ငွေကျပ်သိန်း ၆၈၀ တန်ဖိုးရှိကာ ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ဆရာတော် ဦးကောဝိဒ ဦးဆောင်၍ မြို့မိ၊ မြို့ဖများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းမှုဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ အောက်ဆီဂျင်စက် တပ်ဆင်ပြီးစီး၍ လုပ်ငန်းများ စတင်လည်ပတ်နိုင်ပါက တစ်နာရီလျှင် ၄၀ လီတာဆန့် 1.25 အိုး ထုတ်လုပ်နိုင်မည်ဖြစ်ကာ တစ်နေ့လျှင် အောက်ဆီဂျင်အိုး အလုံးရေ ၃၀ ထွက်ရှိမည်ဖြစ်ပြီး မြို့နယ်အတွင်ရှိ ပြည်သူများ၏  ကျန်းမာရေး စောင့်ရှောက်မှုနှင့် အောက်ဆီဂျင် လိုအပ်မှုများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ 

မျိုးမြတ်(ဆီဆိုင်)