ဆီဆိုင် ၁၃ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်း ၁၈ ကျောင်းကို ကျောင်းအဆင့် တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဆီဆိုင်မြို့နယ်အတွင်းရှိ အဆင့်တိုးမြှင့်လိုက်သော အခြေခံပညာကျောင်းများမှာ မူလတန်းကျောင်း(ခွဲ)မှ မူလတန်းကျောင်းအဖြစ် ၅ ကျောင်း၊ မူလတန်းလွန်ကျောင်းမှ အလယ်တန်းကျောင်း(ခွဲ)အဖြစ် ၄ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းကျောင်းအဖြစ် ၅ ကျောင်း၊ အလယ်တန်းကျောင်းမှ အထက်တန်းကျောင်း (ခွဲ)အဖြစ် ၃ ကျောင်းနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းမှ မူလတန်းကျောင်း(ခွဲ)အဖြစ် တစ်ကျောင်းတို့အား ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။
ခွန်ရဲထွေး


