ဆီဆိုင် မတ် ၁၁
မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီမှစ၍ တစ်ပြိုင်တည်း စတင်ဖြေဆိုလျက်ရှိကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၃)ခုတို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုလျက်ရှိကြသည်။
ဆီဆိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား(၇၂)ဦး၊ ကျောင်းသူ(၂၀၃)ဦး စုစုပေါင်း (၂၇၅) ဦးရှိသည့်အနက် မြန်မာစာဘာသာရပ်ကို ကျောင်းသား(၇၀)ဦး၊ ကျောင်းသူ(၁၉၇)ဦး၊ စုစုပေါင်း (၂၆၇) ဦး ၀င်ရောက်ဖြေဆိုကြရာ ပျက်ကွက် ကျောင်းသား(၂)ဦး၊ ကျောင်းသူ(၆)ဦး စုစုပေါင်း (၈)ဦးပျက်ကွက်၍ ဖြေဆိုမှုရာခိုင်နှုန်းအားဖြင့် (၉၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုအောင်မြင်နိုင်ရေးအတွက် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


