ဆီဆိုင် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုင်ခေါင်စံပြ ကျေးရွာဈေး၌ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဈေးတွင် ပြုလုပ်သည်။
သရုပ်ပြဇာတ်တိုက်လေ့ကျင့်
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မျိုးလှိုင်နှင့် တပ်ဖွဲ့ဝင်များက ဈေးဆိုင်ခန်းများအတွင်း လျှပ်စစ်ဝိုင်ယာသွယ်တန်းမှုများ၊ ရေကန်များစစ်ဆေးပြီး ဈေးသူ ဈေးသားများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ လက်တွေ့ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


