ဆီဆိုင် ဇူလိုင် ၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်သမဝါယမဦးစီးဌာန ခေါက်တိုင်းဟွမ် လယ်ယာနှင့် အထွေထွေသမဝါယမအသင်းမှ တောင်သူများ စိုက်ပျိုးထားသည့် နွေစပါးများအား ရိတ်သိမ်းခြင်းကို ယမန်နေ့က ပုန်းအင်းကျေးရွာအုပ်စု ဝမ်ပုံးကျေးရွာ၌ ဆောင်ရွက်သည်။

 

ထိုသို့ နွေစပါးဧက ၁၀၀ အား ရိတ်သိမ်းရာ ရွှေအပ်စပါးမျိုး တစ်ဧကလျှင် ပျှမ်းမျှ ၁၁၅ တင်း ထွက်ရှိပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးလွင်နှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူတို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)