ဆီဆိုင် ဧပြီ      ၂၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နွေရာသီသောက်သုံးရေ ပြတ်လပ်သော ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးခြင်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဧပြီ ၂၈ ရက်က နောင်ကျောကျေးရွာအုပ်စုနှင့် လွယ်ပွတ်ကျေးရွာအုပ်စုတို့၌ ဆက်လက်ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီမှူး ဦးထျာရယ်နှင့် ဝန်ထမ်းများက နောင်ကျောကျေးရွာအုပ်စု၊ ဖာလိုင်(ရှေ့)ကျေးရွာနှင့် လွယ်ပွတ်ကျေးရွာအုပ်စု၊ မီးရယ် ကျေးရွာရှိ ကျေးလက်နေပြည်သူများအား သောက်သုံးရေအဆင်ပြေစေရန် ရေဂါလန် ၁၀၀၀ ဆံ့ ရေသယ်ယာဉ် တစ်စီးစီဖြင့် စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါကျေးရွာများ၌ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ၅ ရက်တစ်ကြိမ် ဆက်လက် လှူဒါန်းပေးသွားမည်ဖြစ်ပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများအနေဖြင့် နွေရာသီကာလ သောက်သုံးရေရှားပါးပြီး ပြတ်လပ်မှုအခက်အခဲရှိပါက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဖုန်း 09-421136170 သို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)