နေပြည်တော် ၄ ဇွန်

 

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့၊ ဘန်းနောင်ကျေးရွာ၌ ဇွန် ၃ ရက် မွန်းလွဲ ၁ နာရီက ဖခင်ဖြစ်သူမှ အရက်ကြောင်ကာ စိတ်ဖောက်ပြန်၍ ရိုက်နှက်သဖြင့် သားဖြစ်သူသေဆုံးပြီး ဇနီးနှင့် သမီးဖြစ်သူမှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ စောလေး (၂၉)နှစ်သည် အရက်ကြောင်ကာ စိတ်ဖောက်ပြန်ပြီး မိသားစုဝင်များအား ထင်းချောင်းဖြင့်ရိုက်နှက်ခဲ့ရာ သားဖြစ်သူ မောင်ရီ (၈)နှစ်မှာ ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ မနန်းရီ (၂၈)နှစ်နှင့် သမီးဖြစ်သူ မနန်းမွန် (၆)နှစ်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် စောလေးအား ဘန်းယဉ်နယ်မြေရဲစခန်းမှ အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား