ဆီဆိုင် မေ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအောင်ကျော်စိုးနှင့် ဝန်ထမ်းများက ပင်စုံကျေးရွာအုပ်စု ထီတမောင်းကျေးရွာရှိ တိရစ္ဆာန်များကို လည်ချောင်းကွဲ၊ ပေါင်ပုပ် လက်ပုပ်ကာကွယ်ဆေးနှင့် ဝက်ဝမ်းကျရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


