ဆီဆိုင်       ၂၁  မေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း Home Gardening စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့ နံနက် ၁၀ နာရီက သီးနှံမျိုးစေ့နှင့် သဘာဝမြေဩဇာများ၊ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

a

 

ထိုသို့ မျိုးစေ့များဖြန့်ဝေပေးရာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆီဆိုင်မြို့နယ်အတွင်း ဌာနဆိုင်ရာရုံး (၂၅)ရုံးရှိ ဝန်ထမ်း ၅၈၀ ဦးခန့်အတွက် ကန်စွန်းရွက်၊ ရုံးပတီ၊ နံနံပင် မျိုးစေ့များနှင့် သဘာဝ မြေဩဇာများ၊ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ မျိုးစေ့၊ မြေဩဇာများနှင့်အတူ စိုက်ပျိုးနည်းစနစ်များကိုပါ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကြင်ထံမှ သိရသည်။

 

a

 

ခွန်ရဲထွေး(ဆီဆိုင်)