ဆီဆိုင် ၁၁ ဖေဖော်ဝါရီ

 

ဝန်ထမ်းများ တစ်ဖက်တစ်လှမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့ပေါ်ရုံးဝန်ထမ်းများအား စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဆီဆိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့ပေါ်ရုံးဝန်ထမ်း (၂၇) ဦးအတွက် တစ်ဦးလျှင် ကုလားပဲ (၁) ပိဿာ၊ ကြက်သွန်နီ (၁) ပိဿာ၊ ကြာဆံထုပ်ကြီး (၁) ထုပ်၊ ကြက်ဥ (၁၀) လုံး၊ အိုင်အိုဒင်းဆားအထုပ်သေး (၂) ထုပ်နှင့် နေကြာဆီ (၁)ဘူး တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မြို့နယ်မိသားစု စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်သီနှင့် တာဝန်ရှိသူများတို့က တစ်ဦးချင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)