ဆီဆိုင် ၁၃ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဟော်တောင်ကျေးရွာတွင် ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အသက် ၆ လမှ ၅ နှစ်အထိ ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီက အဆိုပါ ကျေးရွာဓမ္မရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဝင်းမြင့်က ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းဟောပြောပြီး ကျန်းမာရေးဝန်ထမ်း များက အသက် ၆ လမှ ၅ နှစ်အထိကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက် ကျွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော ကျေးရွာပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“ကိုရိုနာ ဗိုင်းရပ်စ် တော်တော်လေးဖြစ်နေတယ်၊ နိုင်ငံတော်တော်များများမှာလည်း ပျံ့နှံ့နေတယ်။ အဲဒါကြောင့် ကိုယ့်မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်ဖို့ ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းဖြစ်ပါတယ်” ဟု မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဝင်းမြင့်က ပြောသည်။
ခွန်ရဲထွေး(ဆီဆိုင်)