ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ဆီဆိုင်   ဩဂုတ်  ၂၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဩဂုတ် ၂၉ ရက် နံနက် ၉ နာရီက ဆီဆိုင်မြို့နယ် ခန်းမဆောင်၌ ထိုးနှံလျက်ရှိသည်။  

 

ဆီဆိုင်မြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၅၃၀၆)ဦးတို့အား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ဆီဆိုင်မြို့နယ်ခန်းမဆောင်၊ ဆိုက်ခေါင်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ဇေတဝန်ကျောင်းတိုက်၊ ဘန်းယဉ်ကျေးရွာ ဘုရားကိုးဆူဓမ္မာရုံ စသည့်နေရာများတွင် ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၄ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)