ဆီဆိုင်    အောက်တိုဘာ    ၁၁

 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အောက်တိုဘာ ၁၀ ရက်က  ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ပြန်လည်စေလွတ်သူ (၄၈၈)ဦးထိရှိလာပြီဖြစ်ကြောင်း သိရသည်။

 

         

ဆီဆိုင်မြို့နယ်တွင် ဇူလိုင်လ(၈)ရက်နေ့မှ အောက်တိုဘာ(၁၀)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၈၈၈)ဦးရှိပြီး၊ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ပြန်လည် စေလွတ်သူ(၄၈၈)ဦး၊ သေဆုံးသူ(၂၀) ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

 

မျိုးမြတ်(ဆီဆိုင်)