ဆီဆိုင် နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု များပြားလာသောကြောင့် မြို့နယ်အတွင်းရှိ မြို့ပေါ်(၆) ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၁၃)အုပ်စု၏ နယ်နိမိတ်ဧရိယာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှုမရှိစေရေးအတွက် Local Semi-Lockdown သတ်မှတ်ကြောင်း အောက်တိုဘာ ၃၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ထားကြောင်း သိရသည်။
ထိုသို့ထုတ်ပြန်ရာတွင် တားမြစ်ချက်များအား လိုက်နာမှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ လည်းကောင်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရလည်းကောင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ Local Semi-lockdown အား နိုဝင်ဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၇)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)


