ဆီဆိုင်မြို့နယ်တွင် နှစ်သစ်ကူးမင်္ဂလာပွဲအဖြစ် သံဃာအပါး(၃၅၀)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ 

ဆီဆိုင် ၁၇ ဧပြီ    

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော နှစ်သစ်ကူးမင်္ဂလာပွဲအဖြစ် သံဃာအပါး(၃၅၀)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၅ နာရီခွဲက ဇဝနာရာမစာသင်ကျောင်းတိုက်မှ မြို့မဈေးတစ်ပတ်လှည့်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ 

 

dd


    
ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြို့နယ်အတွင်းရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၊ ဥတ္တရာရုံစာသင်ကျောင်းတိုက်၊ သာသနာလင်္ကာရစာသင်ကျောင်းတိုက်နှင့် မွေတော်ဘုန်းကြီးကျောင်းတို့မှ  ရဟန်း၊ သံဃာပေါင်း အပါး(၃၅၀) ကျော်တို့က ကြွရောက်ချီးမြှင့်ပေးခဲ့သည်။

 

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအပါအဝင် ရပ်နီးရပ်ဝေးမှ စေတနာရှင်၊ အလှူရှင် ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တု ပစ္စည်းအမျိုးမျိုးကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)