ဆီဆိုင် ၂၂ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ မြကန်သာ ရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဇဝနာရာမပရိယတ္တိစာသင်ကျောင်းတိုက်ကြီးနှင့် ဟိုခဲရပ်ကွက်အတွင်းရှိ ဥတ္တရာရုံကျောင်းတိုက်သို့ ဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းခြင်းကို ဧပြီ ၂၁ ရက် ညနေ ၅ နာရီခွဲက သွားရောက်လှူဒါန်းခဲ့သည်။
ဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ဇဝနာရာမပရိယတ္တိစာသင်ကျောင်းတိုက်ကြီး နှင့် ဥတ္တရာရုံကျောင်းတိုက်တို့အတွက် တစ်ကျောင်းလျှင် ဆန်(၁)အိတ်၊ ဆီ(၂)ဘူး တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)