နေပြည်တော် ၉ ဇန်နဝါရီ 

 

ဆီဆိုင်မြို့နယ်၊ ထီတန်းကျေးရွာ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၈ ရက်တွင် အမြင့် ၁ ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း (၁၃)ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။ 

 

အလားတူ မိုင်းရှူးမြို့နယ်၊ နားကော်ကျေးရွာ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ၌ မိုင်းစံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အမြင့် ၆ လက်မခန့်ရှိ ဘိန်းစိုက်ခင်း (၆ ဒသမ ၅)ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 

MDN