၂၃ ဇန်နဝါရီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ အကြား ဒုတိယအကြိမ် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲ ကျင်းပရန် တိုးတက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ရိုးတိုးရိပ်တိပ် ပြောကြားခဲ့သည်။
မိုက်ပွန်ပီယိုသည် ဆွီဒင်နိုင်ငံ၌ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဗွီဒီယိုလင့်တစ်ခုမှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့် ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအပြီး ရှုပ်ထွေးသည့် ကိစ္စရပ်များဖြေရှင်းရန် အမေရိကန် အထူးကိုယ်စားလှယ် စတီဗင်ဘင်ဂန်နှင့် မြောက်ကိုရီးယား စေ့စပ်ညှိနှိုင်းရေးမှူးတစ်ဦးတို့ ဆွေးနွေးခဲ့ကြသည်ဟု မိုက်ပွန်ပီယိုက ပြောကြားသည်။

လုပ်ဆောင်စရာများ ရှိနေသေးသော်လည်း တိုးတက်ဖြစ်ထွန်းမှု အနည်းငယ်ရှိခဲ့ကြောင်း၊ ကောင်းမွန်သောအရာများ ဖြစ်ပျက်ခဲ့ပြီးဖြစ်ကြောင်း ပွန်ပီယိုက ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားအစီအစဉ် စွန့်လွှတ်ပါက ပြုံယမ်းက ဘာရမည်နည်းဟု မေးမြန်းရာတွင် မြောက်ကိုရီးယားနိုင်ငံ တည်ငြိမ်ရေးနှင့်ပတ်သက်ပြီး ဆောင်ကြဉ်းပေးမည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ပုဂ္ဂလိကကဏ္ဍ၏ ပံ့ပိုးကူညီမှုလိုကြောင်း ၄င်းက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီနှောင်းပိုင်းတွင် အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ပြုလုပ်မည် ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်