ရန်ကုန် ၂၂ အောက်တိုဘာ
ဆွီဒင်နိုင်ငံမှ Seventy Agnecy မှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်းသာယာမြို့နယ်ရှိ လှိုင်သာယာ စက်မှုဇုန်ရှုခင်းနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ၎င်းစက်မှုဇုန်ရှိ Season One Co.,Ltd နှင့် UPG Co., Ltd စက်ရုံများတွင် သတင်းမှတ်တမ်းရိုက်ကူးသည်။
အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က ဒလမြို့နယ် သပြေကုန်းကျေးရွာတွင် လယ်လုပ်ကိုင်နေပုံ မဟာသဗ္ဗညုတအောင်တော်မူစေတီတော်နှင့် ပတ်ဝန်းကျင်မှုခင်းများ Wave Money ဝန်ဆောင်မှုလုပ်ငန်းများကိုလည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်များက ရွှေတိဂုံစေတီတော်နှင့် ဆူးလေဘုရားဝန်းကျင်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် မြန်မာပလာဇာများတွင် လူအများသွားလာလှုပ်ရှားမှုပုံများ၊ Ericsson Myanmar နှင့် Telenor Myanmar ရုံးခန်းများတွင် ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်ပုံများကိုလည်းကောင်း ရိုက်ကူးခဲ့ပြီး အောက်တိုဘာ ယနေ့တွင် အင်းစိန်မြို့နယ် ကြို့ကုန်းရှိ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုကို ဆက်လက်ရိုက်ကူးမည် ဖြစ်သည်။
ဆွီဒင်နိုင်ငံမှ Ericsson နည်းပညာနှင့် Telenor တို့ ပူးပေါင်းပြီး ဆက်သွယ်ရေးကွန်ရက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အောင်မြင်နေမှု၊ မြန်မာနိုင်ငံ၏ သာယာလှပသော ရှုခင်းများနှင့် လူနေမှုဘဝများ ရိုက်ကူးထားမှုကို နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် အီတလီနိုင်ငံ Artificial Intelligences Summit တွင် ပြသနိုင်ရန်အပြင် Ericsson နှင့် Telenor တို့၏ Online Website တို့တွင်လည်း ပြသရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
နီနီဝင်း (FDC)


