(၅-၁၀-၂၀၂၀ ရက်၊ လန်ဒန်မြို့)

 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်လျက်ရှိရာ ဆွီဒင်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက်လည်း မဲပေးခွင့် မဆုံးရှုံးစေရန် ပူးတွဲတာဝန်ယူထားသည့် မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံတမန်တစ်ဦးအား ဆွီဒင်နိုင်ငံသို့ စေလွှတ်၍ မဲရုံဖွင့်လှစ်ပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

 

ဆွီဒင်နိုင်ငံရှိ မဲဆန္ဒရှင်များ အဆင်ပြေလွယ်ကူစွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအား ၄-၁၀-၂၀၂၀ ရက် (တနင်္ဂနွေနေ့)၊ နံနက် (၀၉၀၀) နာရီ မှ ညနေ(၀၅၀၀) နာရီ အချိန်အထိ First Hotel Kungsbron ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင် (၁၈) ဦးအနက် (၁၅) ဦး လာရောက်ပြီး အိမ်ရှင်နိုင်ငံမှ ချမှတ်ထားသည့် COVID-19 ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရှိရပါသည်။

 

Crd>Ministry of Foreign Affairs Myanmar