စတော့ဟုမ်း မတ် ၂၃

 

ဆွီဒင်နိုင်ငံတောင်ပိုင်း၌ မတ် ၂၁ ရက်က အထက်တန်းကျောင်း တစ်ကျောင်းတွင် ဓားဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး နှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ယင်းဖြစ်ရပ်နှင့် ဆက်စပ်ပြီး အသက် ၁၈ နှစ်အရွယ် ကျောင်းသား တစ်ဦးကို ဖမ်းဆီး ထားသည်ဟု ရဲများက ပြောသည်။

 

သေဆုံးသွားသည့်အမျိုးသမီး နှစ်ဦးစလုံးမှာ အသက် ၅၀ ဝန်းကျင်များဖြစ်ကြပြီး ကျောင်းရှိ ဝန်ထမ်းအမျိုးသမီးများဖြစ် သည်ဟု ရဲက ပြောသည်။ အခင်းဖြစ်ပွားရာမြို့မှာ မဲလ်မိုလာတင် စကိုလာမြို့ဖြစ်ပြီး အဆိုပါမြို့မှာ ဆွီဒင်နိုင်ငံ၏ တတိယအကြီးဆုံး မြို့လည်းဖြစ်သည်။ ဖမ်းဆီးခံ ထားရသည့် ကျောင်းသားမှာ ရဲများထံ ဖုန်းဆက်ခဲ့ပြီး လူနှစ်ဦး ကို ဓားဖြင့် ထိုးမိကြောင်းနှင့် လက်နက်ချလိုက်ပြီဖြစ်ကြောင်း ဆက်သွယ် ပြောကြားခဲ့သည်ဟု ဒေသတွင်း မီဒီယာများတွင် ဖော်ပြကြသည်။

 

ပြစ်မှုကျူးလွန်သူဟု သံသယ ရှိသူကို အလွယ်တကူပင် ဖမ်းဆီးနိုင်ခဲ့သည်။ ဓားဖြင့် ထိုးခံရသူ နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းမရှိဟု သိရသည်။

 

အေအက်ဖ်ပီ