နေပြည်တော် မေ ၁၃
(၃၂)ကြိမ်မြောက် ဆီးဂိမ်း အလေးမပြိုင်ပွဲ ပထမနေ့ကို မေ ၁၃ ရက်က စတင်ကျင်းပရာ အမျိုးသမီး ၄၅ ကီလိုတန်းတွင် မြန်မာ့လက်ရွေးစင် အလေးမကစားသမား ဇင်မေဦး ရွှေတံဆိပ်ဆု ရရှိခဲ့သည်။
အမျိုးသမီး ၄၅ ကီလိုတန်းတွင် ကစားသမား ငါးဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဇင်မေဦးက ရွှေတံဆိပ်၊ ဖိလစ်ပိုင်ကစားသမား ကိုလိုနီရာက ငွေတံဆိပ်၊ လာအိုကစားသမား ဖောင်ဆာခွန်က ကြေးတံဆိပ် ရရှိခဲ့သည်။
ပြိုင်ပွဲပထမနေ့တွင် ပြိုင်ပွဲအမျိုးအစား လေးမျိုးကျင်းပရာ မြန်မာအလေးမအဖွဲ့သည် အမျိုးသမီး ၄၅ ကီလိုတန်း တစ်ခုတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ဆီးဂိမ်း အလေးမပြိုင်ပွဲကို မေ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။
သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန