နေပြည်တော် မေ ၁၅
၃၂ ကြိမ်မြောက် ဆီးဂိမ်း အလေးမပြိုင်ပွဲ တတိယနေ့ကို မေ ၁၅ ရက်က ဆက်လက်ကျင်းပရာ မြန်မာအလေးမအဖွဲ့ ကြေးတံဆိပ်တစ်ခု ထပ်မံရရှိခဲ့သည်။
ပြိုင်ပွဲတတိယနေ့တွင် ကီလိုတန်းသုံးခု ကျင်းပခဲ့ပြီး မြန်မာအလေးမအဖွဲ့သည် အမျိုးသား ၈၁ ကီလိုတန်းတစ်ခုတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အင်ဒိုနီးရှားကစားသမား အာဝင်အဗ္ဗဒူလာက ရွှေတံဆိပ်၊ ထိုင်းကစားသမား ချင်နာဝမ်က ငွေတံဆိပ်၊ မြန်မာမှ သီဟအောင်က ကြေးတံဆိပ်ရရှိခဲ့သည်။ မြန်မာအလေးမအဖွဲ့သည် မေ ၁၅ ရက်ပွဲစဉ်များအပြီးထိ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု ရရှိထားပြီး ပြိုင်ပွဲနောက်ဆုံးနေ့ကို မေ ၁၆ ရက် (ယနေ့) ဆက်လက်ကျင်းပ မည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MWF