ရန်ကုန် ဧပြီ ၂၅
(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် တောင်ကိုရီးယားနိုင်ငံ၌ ခြေစမ်းပွဲများကစားရန် ဧပြီ ၂၄ ရက် နံနက်ပိုင်းက ထွက်ခွာ သွားသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မေလပထမပတ်အထိ တောင်ကိုရီးယားနိုင်ငံ၌ လေ့ကျင့် မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် တောင်ကိုရီးယားလူငယ် လက်ရွေးစင်အသင်း၊ တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း များနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်း ပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံမှ တိုက်ရိုက်သွားရောက်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယင်းခရီးစဉ်အတွက် ကစားသမား ၂ ဦး ရွေးချယ်ထားသော် လည်း အိန္ဒိယကလပ် ဂိုကူလမ်အသင်းတွင် ကစားနေသည့် ဝင်းသိထွန်းမှာမူ ဆီးဂိမ်းပြိုင်ပွဲမှသာ အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းတွင် အုပ်ချုပ်သူ - ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ် - ဦးတင်မြင့် အောင်၊ လက်ထောက်နည်းပြ ဦးခင်မောင်ထွေး၊ ဦးဘိုဘိုအောင်၊ ဒေါ်သူဇာထွေး၊ ဂိုးနည်းပြ-ဦးယဉ် မင်းအောင်၊ ဂိုးသမား - မေဇင်နွယ်၊ ဇူလတ်နဒီ၊ မျိုးမြမြငြိမ်း၊ နောက်တန်း - ခင်သန်းဝေ၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ အေးအေးမိုး၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ အလယ်တန်း - ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ ခင်မိုးဝေ၊ နော်ထက်ထက်ဝေ၊ ခိုင်သဇင်၊ လင်းမြင့်မိုရ်၊ ပံ့ပံ့ပြည့်မောင်၊ ရှေ့တန်း-စန်းသော်သော်၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်းတို့ ပါဝင်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - MFF