ရန်ကုန် ဧပြီ ၁၈
မြန်မာ ယူ-၂၂ အသင်းသည် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအကြို ယူအေအီးနိုင်ငံ၌ လေ့ကျင့် မှုပြုလုပ်ရန် ဧပြီ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှတစ်ဆင့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သို့ ထွက်ခွာသွားသည်။
ကစားသမား ၂၆ ဦး မြန်မာ ယူ-၂၂ အသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ကိုးဦး၊ ကစားသမား ၂၆ ဦး လိုက်ပါသွားသည်။ မြန်မာ ယူ-၂၂ အသင်း နည်းပြချုပ် ပိုပေါ့ဗ်သည် ပဏာမကစားသမား ၃၁ ဦးဖြင့် ဖွဲ့စည်း ထားပြီး အသက်ကျော်ကစားသမား သုံးဦး ထည့်သွင်းအသုံးပြုခွင့်ရမည်ဖြစ်သောကြောင့် ယင်း သုံးနေရာအတွက် ပဏာမ ရှစ်ဦးကိုပါ ထည့်သွင်းရွေးချယ်ထားခြင်း ဖြစ်သည်။
ယခုခရီးစဉ်တွင် အသက်ကျော် ကစားသမားနေရာအတွက် ရွေးချယ်ထားသူများအနက် ပြည်ပကလပ် များတွင် သွားရောက်ကစားနေသူများ မပါဝင်ဘဲ လက်ရှိအသင်းနှင့် ပူးပေါင်းနေသူများကိုသာ ခေါ်ဆောင်သွားခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းတွင် အုပ်ချုပ်သူ ဦးစည်သူဝင်း၊ နည်းပြချုပ် ပိုပေါ့ဗ်၊ လက်ထောက် နည်းပြ ဦးဇော်ဝင်းထွန်းနှင့် ဦးအောင်အောင်ထွန်း၊ ဂိုးနည်းပြ ဦးအောင်ကျော်ကျော်၊ ကစားသမား များအဖြစ် ဂိုးသမား ပြည့်ဖြိုးသူ၊ သူရကျော်၊ ပြည့်ဖြိုးအောင်၊ အောင်ကိုလတ်၊ နောက်တန်း သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ ဟိန်းဇေယျာလင်း၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ သက်ပိုင်ထွေး၊ အောင် ဝဏ္ဏစိုး၊ ရဲလင်းထက်၊ နောင်နောင် စိုး၊ အလယ်တန်း- ဇော်ဝင်းသိန်း၊ လွင်မိုးအောင်၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ နန်းထိုက်ဇော်၊ ရန်ကျော်စိုး၊ အောင်နိုင်ဝင်း၊ ရှေ့တန်း ရဲရင့်အောင်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ ရာဇာအောင်နှင့် သန်းပိုင်တို့ ပါဝင်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဒူဘိုင်းမြို့တွင် နှစ်ပတ်ဝန်းကျင် သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ယူအေအီး ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယူအေအီးနိုင်ငံမှတစ်ဆင့် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ တိုက်ရိုက်သွားရောက်မည် ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MFF