၂၃ နိုဝင်ဘာ
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ အမျိုးသားအသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ မနီလာမြို့သို့ ထွက်ခွာသွားသည်။
မြန်မာ ယူ-၂၂ အသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ၁၂ ဦး၊ ကစားသမား ၂၁ ဦး၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ၁၀ ဦး၊ ကစားသမား ၂၀ ဦး လိုက်ပါသွားသည်။
မြန်မာ ယူ-၂၂ အသင်းတွင် အုပ်ချုပ်သူ- ဦးမင်းလှိုင်၊ နည်းပြချုပ်- ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ- ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်း၊ ကြံ့ခိုင်ရေးနည်းပြ- ဝယ်လ်လင်တန်၊ ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်၊ ကစားသမားများအဖြစ် ဂိုး- ဆန်းဆက်နိုင် (ရန်ကုန်)၊ စိုးအာကာ (မကွေး)၊ နောက်တန်း- ရဲမင်းသူ (ရှမ်းယူနိုက်တက်)၊ အောင်ဝဏ္ဏစိုး (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ သူရိန်စိုး (ရန်ကုန်)၊ ဝင်းမိုးကျော် (မကွေး)၊ စိုးမိုးကျော် (ဧရာဝတီ)၊ အလယ်တန်း- နေမိုးနိုင်၊ စိုးလွင်လွင်၊ ဇင်မင်းထွန်း (မကွေး)၊ လွင်မိုးအောင် (ဧရာဝတီ)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း၊ လှိုင်းဘိုဘို၊ စည်သူအောင် (ရတနာပုံ)၊ ကောင်းထက်စိုး (ရန်ကုန်)၊ ရှေ့တန်း- ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)၊ အောင်ကောင်းမာန် (ဧရာဝတီ) နှင့် ဝင်းနိုင်ထွန်း (ရတနာပုံ) တို့ ပါဝင်ကြသည်။
မြန်မာအမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဦးတင်မြင့်အောင်၊ နည်းပြချုပ်- ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဒေါ်သန်းသန်းထွေး၊ ဒေါ်မာလာဝင်း၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုး- မြဖူးငုံ၊ မေဇင်နွယ်၊ နောက်တန်း- ဖြူဖြူဝင်း၊ ခိုင်သဇင်၊ ချစ်ချစ်၊ ခင်သန်းဝေ၊ ဝေဝေအောင်၊ အေးအေးမိုး၊ အိရတနာဖြိုး၊ အလယ်တန်း- ခင်မိုးဝေ၊ ငယ်ငယ်ထွေး၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ နုနု၊ မြတ်နိုးခင်၊ ရှေ့တန်း- ဂျူလိုင်ကျော်၊ ဝင်းသိဂီထွန်း၊ စန်းသော်သော်နှင့် ရီရီဦးတို့ပါဝင်ကြသည်။
မြန်မာအမျိုးသမီးအသင်းသည် စင်ကာပူနိုင်ငံမှလည်းကောင်း၊ မြန်မာ ယူ-၂၂ အမျိုးသားအသင်းသည် ထိုင်းနိုင်ငံမှလည်းကောင်း သွားရောက်ခြင်းဖြစ်သည်။
ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အမျိုးသားအသင်းသည် အုပ်စု (က) တွင် ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တီမော၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စု (က) တွင် ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့် ကျရောက်နေသည်။
သတင်း-ညီမြတ်သော်တာ
ဓါတ်ပုံ = MFF