ဆီးချိုရောဂါ လက္ခဏာရပ်တွေအကြောင်း သိကောင်းစရာ

Hello ဒေါက်တာ

 

ဆီးချိုရောဂါရဲ့ အစောဆုံးလက္ခဏာရပ်တွေက သွေးတွင်း သကြားဓာတ်တစ်မျိုးဖြစ်တဲ့ ဂလူးကို့စ်ပမာဏက ပုံမှန်ထက် မြင့်တက်နေတာပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါဖြစ်ခါစ လက္ခဏာတွေက သိပ်မသိသာတာကြောင့် အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတတ်ကြပါတယ်။ အချို့သူတွေမှာဆိုရင် အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ ထိခိုက်ယိုယွင်းတာတွေ ဖြစ်လာတဲ့အခါမှ ဆီးချိုရောဂါခံစားနေရတာကို သိသွားတာမျိုးလည်း ရှိပါတယ်။

 

အမျိုးအစား(၁)

 

ဆီးချိုရောဂါမှာတော့ လက္ခဏာရပ်တွေဖြစ်ပေါ်မှုက မြန်ဆန်လေ့ရှိပြီး တော်တော်လေးလည်း ပြင်းထန်တတ်ပါတယ်။ ရက်ပိုင်းအတွင်း၊ ဒါမှမဟုတ်ရင် သီတင်းပတ် အနည်းငယ်အတွင်းမှာ ရောဂါလက္ခဏာတွေကို သိရတာမျိုးတွေလည်း ရှိပါတယ်။

 

အမျိုးအစား(၂)

 

ဆီးချိုရောဂါ ခံစားနေရသူအများစုဟာ ကလေးအရွယ်နဲ့ အရွယ်ရောက်စမှာကတည်းက ရောဂါခံစားနေရတာကို သိရှိနိုင်ပြီး ရောဂါလက္ခဏာတွေက အရွယ်သုံးပါးစလုံးမှာ အတူတူပဲဖြစ်ပါတယ်။ အရွယ်ရောက်ပြီး သူတွေမှာတော့ ကလေးငယ်တွေလိုမျိုး ရောဂါခံစားနေရမှုကို မြန်မြန်ဆန်ဆန် အတည်မပြုနိုင်ပါဘူး။

 

အတွေ့များတဲ့ ရောဂါလက္ခဏာရပ်တွေ

 

ဆီးချိုရောဂါ အမျိုးအစား နှစ်ရပ်စလုံးမှာ ရောဂါ ခံစားနေရတယ်လို့ သိရှိနိုင်တဲ့အချက်အချို့က ခပ်ဆင်ဆင် ဖြစ်နေတတ်ပါတယ်။ ဆာလောင်ခြင်းနဲ့ ပင်ပန်းနွမ်းလျခြင်း ခန္ဓာကိုယ်က စားသုံးလိုက်တဲ့ အစားအသောက်တွေကို ဆဲလ်တွေက စွမ်းအင်အနေနဲ့ အသုံးပြုနိုင်မယ့် ဂလူးကို့စ်တွေအဖြစ် ပြောင်းလဲပေးပါတယ်။ တကယ်လို့ ခန္ဓာကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင် မထုတ်ပေးနိုင်ရင်ဖြစ်ဖြစ်၊ ဆဲလ်တွေက ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ အင်ဆူလင်ကို ခုခံနေတဲ့ အနေအထားမျိုး ဖြစ်နေရင်ပဲဖြစ်ဖြစ် ဂလူးကို့စ်က ဆဲလ်တွေထဲကို မရောက်ရှိနိုင်တော့ဘဲ အားမရှိသလို ခံစားရစေမှာ ဖြစ်ပါတယ်။ အဲလိုအခါမျိုးမှာ ပိုမိုဆာလောင်စေပြီး ပုံမှန်ထက် ပိုပင်ပန်းတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။

 

ဆီးချိုဝေဒနာ ခံစားနေရသူတွေအတွက် ရည်ရွယ်

 

ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာတွေက ဆာလောင်မှုကို လျော့ပါးသက်သာစေဖို့အတွက်နဲ့ သွေးတွင်းဂလူးကို့စ် ပမာဏကို ထိန်းညှိရာမှာ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားလေ့ ရှိပါတယ်။ ဆီးခဏခဏသွားခြင်းနဲ့ ပုံမှန်ထက် ရေပိုငတ်ခြင်း လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် ၂၄ နာရီ အတွင်း ဆီးကို လေးကြိမ်ကနေ ခုနစ်ကြိမ်အထိ သွားလေ့ ရှိတယ်ဆိုပေမယ့် ဆီးချိုဝေဒနာ ခံစားနေရသူတွေကတော့ ဆီးသွားတဲ့အကြိမ်ရေက ပိုများနေနိုင်ပါတယ်။

 

ခံတွင်းခြောက်ခြင်းနဲ့ အရေပြားယားယံခြင်း

 

ဆီးခဏခဏသွားရတဲ့အခါ ခန္ဓာကိုယ်ရဲ့အခြားကဏ္ဍတွေအတွက် အစိုဓာတ် လျော့နည်းသွားပြီး ရေဓာတ် ခန်းခြောက်တာနဲ့ ခံတွင်းခြောက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ အရေပြားခြောက်သွေ့တာက ယားယံခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

 

အမြင်အာရုံဝေဝါးခြင်း

 

ခန္ဓာကိုယ်ထဲက အရည်ပမာဏပြောင်းလဲမှုက မျက်လုံးအိမ်အတွင်းမှာရှိတဲ့ မှန်ဘီလူးကို ရောင်ကိုင်းစေပြီး ပုံရိပ်ရဲ့အရွယ်အစားကို ပြောင်းလဲစေနိုင်သလို အာရုံစိုက်နိုင်စွမ်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

 

ဆီးချိုရောဂါရဲ့လက္ခဏာရပ်များ

 

သွေးတွင်းဂလူးကို့စ်ပမာဏ အချိန်ကြာမြင့်စွာ မြင့်တက်နေတဲ့အခါ အောက်ပါရောဂါလက္ခဏာရပ်တွေ ခံစားရနိုင်ပါတယ်။

 

မှိုပိုးကူးစက်ခြင်း

 

ဆီးချိုဝေဒနာ ခံစားနေရတဲ့ အမျိုးသားရော အမျိုးသမီးမှာပါ မှိုပိုးကူးစက်မှုကို ခံစားရနိုင်ပါတယ်။ မှိုပိုးကူးစက်မှုက လက်ချောင်း၊ ခြေချောင်းတွေကြား၊ ရင်သား အောက်ဘက်၊ လိင်အင်္ဂါအတွင်းနဲ့ လိင်အင်္ဂါ တစ်ဝိုက်မှာ အဖြစ်များပါတယ်။

 

အနာကျက်နှေးခြင်း

 

သွေးတွင်း သကြားဓာတ်မြင့်မားနေမှုက သွေးစီးဆင်းမှုကို ထိခိုက်စေပြီး အာရုံကြောတွေကို ထိခိုက် ပျက်စီးစေတာကြောင့် အနာကျက်နှေးစေတာ ဖြစ်ပါတယ်။

 

အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းနေခြင်း

 

ခန္ဓာကိုယ်က အစားအစာတွေက နေစွမ်းအင်ကို မရရှိတဲ့အခါ စွမ်းအင်အတွက် ကြွက်သားနဲ့ အဆီတွေကို စတင် လောင်ကျွမ်းစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အစားအသောက်ပုံစံ ပြောင်းလဲတာမျိုးမရှိဘဲ ကိုယ် အလေးချိန် ကျဆင်းတာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

မအီမသာဖြစ်ခြင်းနဲ့ ပျို့အန်ခြင်း

 

ခန္ဓာကိုယ်က အဆီလောင်ကျွမ်းမှုအပေါ်မှာပဲ အားပြုထားရတဲ့အခါ ketones လို့ခေါ်တဲ့ သွေးတွင်း အက်စစ်ထုတ်လွှတ်မှုကို ဖြစ်ပေါ်စေပါတယ်။ သွေးထဲမှာ ketones ပမာဏက အန္တရာယ်ဖြစ်စေနိုင်တဲ့ အတိုင်းအတာအထိ မြင့်တက်လာတဲ့အခါ Diabetic ketoacidosis လို့ခေါ်တဲ့ ဆီးချိုရောဂါရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါကို ခံစားရစေပါတယ်။

 

(ကြေးမုံ)