ဒမတ်စကတ် ၂၈ ဧပြီ
ဆီးရီးယား အသက်မွေးမှုသင်တန်းကျောင်းများတွင် ကိုဗစ်-၁၉ ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းစဉ်အဖြစ် နှာခေါင်းစည်းများ ချုပ်လုပ်လျက်ရှိကြောင်း သိရသည်။ ဆီးရီးယား ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အသက်မွေးမှု သင်တန်းကျောင်းများတွင် နှာခေါင်းစည်းများ စတင်ချုပ်နေကြပြီး ဆရာများကလည်း နေ့စဉ်လာရောက်ကာ ချုပ်နည်းသင်ပြပေးလျက်ရှိသည်။ ။
ဆီးရီးယားတွင် နှာခေါင်းစည်း လိုအပ်ချက် မြင့်တက်လျက်ရှိပြီး ဈေးများလည်း ကြီးမြင့်လျက်ရှိသည်။ စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင် နေကြသည့် လူတိုင်းတွင် တိုင်းပြည်ကို ကူညီရန် တာဝန်ရှိသည်ဟု စက်ချုပ်သင် ဆရာတစ်ဦးဖြစ်သူ ရာဇန်အယ်ရိုင် ကပြောသည်။
နှာခေါင်းစည်းများ ချုပ်လုပ်နေခြင်းသည်လည်း တတ်နိုင်သည့်ဘက်မှ ကူညီနေခြင်းပင်ဖြစ်ကြောင်း လူ့အသိုင်းအဝိုင်းအတွက် လိုအပ်သည့်အရာကို ပြုလုပ်နေရသည့်အတွက် ဝမ်းသာမိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပထမအဆင့်အနေဖြင့် နှာခေါင်း စည်း ၁၂၀၀၀ ချုပ်လုပ် ပြီးစီးခဲ့ကြောင်း၊ တစ်နေ့လျှင် နှာခေါင်းစည်း ၃၀၀၀ ချုပ်လုပ်လျက်ရှိကြောင်း ဒမတ်စကတ်မြို့ရှိ သင်ကြားရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဆူလေမန် ယူနက်စ် ကပြောသည်။ ဆီးရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၂ ဦးရှိပြီး ၁၁ ဦးမှာ ပြန်လည် ကျန်းမာလာပြီဟု ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။
ဆင်ဟွာ