၉ စက်တင်ဘာ

 

 

ဆီးရီးယားနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၄၀ ကျော်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း အင်္ဂါနေ့က ထုတ်ပြန်ကြေညာပါတယ်။

 

 

ကုလသမဂ္ဂ ဝန်ထမ်းနဲ့ မိသားစုဝင် ၂၀၀ လောက်ထဲက ၄၂ ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း၊ ပိုးတွေ့ရှိသူရဲ့ နိုင်ငံသားစာရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိဘဲ ပိုးတွေ့သူ ၃ ဦးကိုတော့ ဆီးရီးယား နိုင်ငံကနေ ကျန်းမာရေး အခြေအနေအရ ကယ်ထုတ်သွားပြီးကြောင်း ပြောပါတယ်။

 

 

ပိုးတွေ့ရှိတယ်လို့ သံသယရှိသူတွေကို ၁၄ ရက် သီးသန့် စောင့်ကြည့်မှုအောက်မှာ ထားရှိကြောင်းနဲ့ အခုချိန်မှာ ဒေသတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှု များနေကြောင်း၊ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်ထက် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ လက်တွေ့မှာ များနေကြောင်း သိရပါတယ်။

 

 

ဆီးရီးယား ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃,၂၂၉ ဦးရှိပြီး သေဆုံးသူ ၁၃၇ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP

mdn